CDM မှာ ပါဝင်သူတွေကို အပြည့်အဝကူညီမယ်လို့ ဒယ်အိုးဆရာတော်မိန့်
ခက်မာ(ဝါရှင်တန်ဒီစီ)
2021.02.14
2021.02.14
စစ်အာဏာရှင်စနစ် ပြိုလဲအောင် အထိရောက်ဆုံး ဆောင်ရွက်ပေးနိုင်တာ CDM လှုပ်ရှားမှုဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းတွေအနေနဲ့ ကိုယ်တိုင်ရော နောက်မျိုးဆက်တွေရဲ့အနာဂတ်ပါ အကြောက်တရားကင်းကင်း ရှင်သန်နိုင်ဖို့ CDM လှုပ်ရှားမှုမှာ ရဲရဲဝံ့ဝံ့ပါဝင်ကြဖို့ ဒယ်အိုးဆရာတော်လို့ လူသိများတဲ့ ဆရာတော်ဥူးသုမင်္ဂလ က မိန့်ကြားလိုက်ပါတယ်။
DMလှုပ်ရှားမှုမှာ ပါဝင်လို့ အခက်အခဲဖြစ်နေသူတွေကိုလည်း အပြည့်အဝကူညီမယ်လို့ ထပ်ဆင့်မိန့်ကြားပါတယ်။ ဆရာတော် ဥူးသုမင်္ဂလ ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်လျှောက်တင် မေးမြန်းထားပါတယ်။