မင်းတပ် CDF အလျှော့မပေးဘဲ တကျော့ပြန်တိုက်မည်

2021.05.17

စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ဖမ်းဆီးခံထားရတဲ့သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF အနေနဲ့ မင်းတပ်မြို့ကနေ ဆုတ်ခွာခဲ့ရပါတယ်။

ဒါပေမဲ့ မင်းတပ် CDF ဘက်က အလျှော့မပေးဘဲ စစ်နည်းဗျူဟာအသစ်နဲ့ ပြန်လာမယ်လို့ ပြောခွင့်ရှိသူက RFA ကို ဒီနေ့ပြောပါတယ်။ လက်ရှိ မင်းတပ်မြို့ အခြေအနေတွေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေရဲ့ အခြေအနေတွေကို မင်းတပ် CDF ပြောခွင့်ရကို RFA ဝိုင်းတော်သားစောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။