နေအိမ်တွင်းထိ ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ပြောပြချက်
2021.02.18
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်မှာ ဆေးခန်းဖွင့်လှစ်ထားတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်ကို သူ့ရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဒီနေ့ နံနက်ပိုင်းမှာ လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းပြီးတားဆီးခဲ့တာကြောင့် အဖမ်းမခံရဘဲ လွတ်မြောက်သွားပါတယ်။
ရပ်ကွက်နေသူတွေရဲ့ကျေးဇူးကြောင့် ပြန်လည်လွတ်မြောက်လာတဲ့ ဒေါက်တာဝင်းမာလာကြင်ကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။