မြတောင်ကျောင်းတိုက်ထဲ စစ်ကောင်စီဝင်စီးချိန် ဆရာတော်တစ်ပါးပျံလွန်တော်မူ
2021.07.29
မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်ထဲက ဘုန်းကြီးကျောင်းသုံးကျောင်းကို အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေ မနေ့ကညနေ ၃ နာရီကျော်က၊ ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဆရာတော်နှစ်ပါးနဲ့ လူနှစ်ယောက်ကို ဖမ်းသွားပါတယ်။ အဲဒီမှာ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က မနေ့ညကကြေညာပါတယ်။
ဒါဟာ စစ်ကောင်စီဘက်က လုပ်ကြံဖန်တီးပြီး သတင်းလွှင့်တာလို့ မြတောင်ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သံဃာတော်တပါးက မိန့်ပါတယ်။ ကျောင်းထဲ မွှေနှောက်ရှာဖွေနေတဲ့အချိန်မှာ ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်ရှူနေရတဲ့ ရွှေဝါဝင်းကျောင်းတိုက် ဆရာတော် ဦးပညာသီရိဘိဝံဟာ အမောဖောက်လို့ ဆေးရုံပို့တဲ့အခါ လမ်းမှာတင် ပျံလွန်တော်မူသွားပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ မြတောင်ကျောင်းတိုက်က အမည်မဖော်လိုတဲ့ သံဃာတော်တစ်ပါးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။