TNLA နဲ့ RCSS/SSA တွေ့ဆုံပွဲ ရက်ရွှေ့ဆိုင်းမှု ဗိုလ်မှူး မိုင်းအိုက်ကျော်နဲ့ မေးမြန်းချက်
2017.12.18
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြေရှင်းဖို့ လတ်တလောမှာ မဖြစ်နိုင်သေးဘဲ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ PSLF/TNLA က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
PSLF/TNLA က သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။