မူဆယ်မြို့ ပစ်ခတ်မှုအကြောင်း TNLA ဗိုလ်မှူး မိုင်းအိုက်ကျော်နဲ့ မေးမြန်းချက်


2018.05.12

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပန်ခမ်းတံတားအနီးက လောင်းကစားရုံကို ဝင်ရောက်တိုက်ခိုက်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တအာင်းတပ်မတော်ရဲ့ တောတွင်းယာယီစခန်းတွေနဲ့ မဟာမိတ်ဖြစ်တဲ့ ကေအိုင်အေတို့ကို တပ်မတော်က စဉ်ဆက်မပြတ် လိုက်လံတိုက်ခိုက်နေတာတွေကြောင့် အသေးစားစစ်ဆင်ရေး ပြန်လည်ပြုလုပ်တာဖြစ်တယ်လို့ TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။