ရခိုင်မှာ တောင်သူတွေကို ချေးငွေထုတ်ပေး


2015.07.01

ရခိုင်ပြည်နယ်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဒီနှစ် တောင်သူ တစ်သိန်း ကျော်အတွက် ကျပ်ငွေ ၅၇ ဘီလီယံကျော် ထုတ်ချေးဖို့ စီစဉ်ထားရာ ဒီနေ့ အထိ တောင်သူ ၉ ထောင်ကျော်လောက်ကိုသာ ထုတ်ချေးပေးနိုင်တယ်လို့ သိရပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရှိတဲ့ တောင်သူတွေကိုသာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် တောင်သူအတော်များများ ချေးငွေ ထုတ်မယူနိုင်ဘူးလို့ မြန်မာ့လယ်ယာဖံ့ွဖြိုးရေးဘဏ်ရဲ့ ရခိုင်ပြည်နယ် မန်နေဂျာ ဦးသာစိန်ထွန်းက ပြောပါတယ်။

မန်နေဂျာ ဦးသာစိန်ထွန်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။