ဦးလမိုင်ဂွန်ဂျာကို ဆက်သွယ်မေးမြန်းချက်
2018.03.09
ကချင်ပြည်နယ် မန်စီမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကနေ နွားကျောင်းရင်းပျောက်ဆုံးသွားတဲ့ ကချင်တိုင်းရင်းသားနှစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒေသခံရွာသားတွေက ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် မိသားစုဝင်တွေနဲ့ ရဲအရာရှိနဲ့ ဆရာဝန်တွေက အလောင်းရှိတဲ့နေရာကို ဒီနေ့ သွားရောက် စစ်ဆေးခဲ့ပါတယ်။
တစ်လကျော်အကြာမှာ သူတို့နှစ်ယောက် အလောင်းကို ဒေသခံရွာသားတွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာ ကပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။