ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယန်ကျင်းကန်နဲ့ မေးမြန်းခန်း
2019.10.03
■ ဒီတစ်ပတ် “နိုင်ငံ့ရေးရာ မေးစရာ” အစီအစဉ်မှာ “ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ” က ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယန်ကျင်းကန်ကို RFA ဝိုင်းတော်သား ကိုသီဟထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲရေးအတွက် အမျိုးသားညီလာခံမှာ ပါဝင်ခဲ့တဲ့ နောက်ခံသမိုင်းကြောင်း၊ လက်ရှိလွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုအပေါ် အမြင်သဘောထား၊ ကိုးကန့်ဒေသက လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မူးယစ် ဆေးဝါးပြဿနာ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအတွက် အခက်အခဲ စိန်ခေါ်မှုတွေနဲ့၊ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှု … စတာတွေကို RFA က တွေ့ဆုံ မေးမြန်းထားပါတယ်။