နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်ဒေါင်းရဲ့ တော်လှန်ရေးယုံကြည်ချက်
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.08.29
2023.08.29
အောင်မြင်ကျော်ကြားတဲ့ နိုင်ငံကျော်သရုပ်ဆောင်မင်းသား ဒေါင်းဟာ လက်ရှိနွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေပြီး သူတတ်တဲ့ အနုပညာအလုပ်နဲ့ တော်လှန်ရေးအတွက် ထောက်ပံ့ငွေတွေ ရှာပေးနေပါတယ်။
ဒေါင်း ပါဝင်ရိုက်ကူးထားတဲ့ "ကျောက်ဖရားမှ ဧရာဝတီသို့" ရုပ်ရှင်ဇာတ်လမ်းတွဲဟာ ထိုင်းရုပ်ရှင်ပွဲတော်မှာ ဆုတွေရတဲ့အထိ အောင်မြင်ခဲ့သလို၊ လိပ်ပြာစံအိမ်ဇာတ်ကားဟာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ပထမဆုံးဇာတ်ကားအဖြစ် Netflix မှာ တင်ခွင့်ရလာနေပါပြီ။
ဒီလိုအောင်မြင်ကျော်ကြားမှုတွေကနေ တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားဒေါင်းရဲ့ ယုံကြည်ချက် ခံယူချက်တွေကို RFA သတင်းထောက်စောဖိုးခွား အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။