ထိုင်းနိုင်ငံက မြန်မာနှစ်ဦးအမှု ရှေ့နေ ဦးအောင်မျိုးသန့် ကို မေးမြန်းချက်
2015.08.30
ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲခံထားရသူနှစ်ဦးထဲက ကိုဇော်လင်းကို လာမယ့်စက်တင်ဘာလ ၂ ရက်နေ့မှာ ကော့စမွီခရိုင် တရားရုံးက စတင်စစ်ဆေးမှာဖြစ်ပါတယ်။
ထိုင်း၊ မြန်မာဘာသာစကားနှစ်မျိုးစလုံးကျွမ်းကျင်ပြီး ထိုင်းအစိုးရဘက်က ယုံကြည် နိုင်သူ မြန်မာနိုင်ငံသားတစ်ဦးဦးက စွပ်စွဲခံရသူနှစ်ဦးဘက်ကနေ သက်သေထွက်ဆို ပေးမယ်ဆိုရင် အမှုအတွက် အထောက်အကူဖြစ်နိုင်မယ်လို့ အဲဒီအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဦးအောင်မျိုးသန့်ကို အာအက်ဖ်အေသတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။