ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အိမ် ရောင်းချငွေ ကန်ဒေါ်လာ ၈ သန်းရပြီဟု NUG ပြော
2022.07.08
အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့ အင်းလျားလမ်း ခြံအမှတ် ၁၄ ကို NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန က တော်လှန်ရေးရန်ပုံငွေအတွက် အစုရှယ်ယာတွေထုတ်ပြန် ရောင်းချနေရာမှာ လက်ရှိအချိန်အထိ အမေရိကန် ဒေါ်လာ ၈သန်းရရှိပြီလို့ သိရပါတယ်။
ဒါ့အပြင် NUG ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ အခုအချိန်ထိ ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၄၇ သန်းရရှိခဲ့ပြီလို့လည်း ဆိုပါတယ်။ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။