စစ်တပ်နဲ့ စစ်ခေါင်းဆောင်အပေါ် စစ်ရေးကျွမ်းကျင်သူ ဒေါ်မီမီဝင်းဘတ် သုံးသပ်ချက်
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2023.02.04
2023.02.04
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း လက္ခဏာတွေ လုံးဝမရှိဘူးလို့ စစ်ရေးကျွမ်းကျင်သူ ဒေါ်မီမီဝင်းဘတ်က ပြောလိုက်ပါတယ်။ အကြောက်တရားနဲ့ လာဘ်စားမှုတွေ ပြည့်နေတဲ့ မြန်မာ စစ်တပ်ဟာ တိုက်ပွဲမှာ အနိုင်ရမှာ မဟုတ်ဘူးလို့လည်း သူက သုံးသပ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုံခြုံရေးဆိုင်ရာ အာရှ ပစိဖိတ် လေ့လာရေးဌာနမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မီမီဝင်းဘတ်က မြန်မာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အခုလို သုံးသပ်ပြောဆိုတာပါ။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။