သတင်းထောက်နှစ်ဦး အဖမ်းခံရမှုကြောင့် YJS က သင်တန်းရပ်ဆိုင်း


2017.12.16

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ၂ ယောက်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်တွေကို မကျေနပ်တာကြောင့်   ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က Myanmar Digital News အဖွဲ့ကို သွားရောက် ပို့ချမယ့် သင်တန်းကို ရန်ကုန်သတင်းစာ ပညာသင်တန်းကျောင်း YJS က ရပ်ဆိုင်းထားလိုက်ပါတယ်။ အဲဒီသတင်းဖော်ပြချက်တွေဟာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ယောက်ကို နစ်နာစေတယ်လို့ ယူဆတဲ့အတွက် သင်တန်းပေးမယ့်အစီအစဉ်ကို ရပ်ဆိုင်းထားတာဖြစ်တယ်လိုပ YJS ရဲ့ ဒါရိုက်တာ ဦးရဲနိုင်မိုးက ပြောပါတယ်။

ဦးရဲနိုင်မိုးကို RFA သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။