DNP ပါတီဥက္ကဋ္ဌ ဦးစိုးမောင်နဲ့ မေးမြန်းခန်း (ဒုတိယပိုင်း)


2019.08.04

 

တစ်ချိန်က တပ်မတော်မှာ စစ်ဥပဒေချုပ်အထိ တာဝန်ထမ်းခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတရုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးစိုးမောင်ဟာ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီတစ်ခု ထူထောင်လိုက်ပါတယ်။ သူ့ရဲ့ပါတီကို “အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ” - Democratic Party of National Politics (DNP) လို့ နာမည်ပေးထားပြီး၊ ပါတီရုံးခန်းဖွင့်ပွဲတွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ မကြာသေးခင်ကပဲ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီရဲ့ ရပ်တည်ချက်က ဘာတွေလဲ၊ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ် ဒီပါတီရဲ့အမြင်နဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေအကြောင်း သိနိုင်ဖို့အတွက် ဦးစိုးမောင်ကို RFA က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။