DNP ပါတီဥက္ကဋ္ဌ ဦးစိုးမောင်နဲ့ မေးမြန်းခန်း(ပထမပိုင်း)
2019.08.01
■ တချိန်က တပ်မတော်မှာ စစ်ဥပဒေချုပ်အထိ တာဝန်ထမ်းခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့၊ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးစိုးမောင်ဟာ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီတစ်ခု ထူထောင်လိုက်ပါတယ်။
သူ့ရဲ့ပါတီကို “အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ” - Democratic Party of National Politics(DNP) လို့ နာမည်ပေးထားပြီး၊ ပါတီရုံးခန်းဖွင့်ပွဲတွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ မကြာသေးခင်ကပဲ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီရဲ့ ရပ်တည်ချက်က ဘာတွေလဲ၊ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ် ဒီပါတီရဲ့အမြင်နဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေအကြောင်း သိနိုင်ဖို့အတွက် ဦးစိုးမောင်ကို RFA က တွေ့ဆုံမေးမြန်းထားပါတယ်။