အစိုးရသစ်ရဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီအပေါ် ANP အမတ် ဘယ်လိုဝေဖန်သလဲ
2016.07.16
နိုင်ငံတော်သမ္မတရဲ့ လက်မှတ်နဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်း လိုက်ပေမယ့် ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို ဖော်ပြထားရာမှာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီတာတွေရှိသလို ဒီလိုကော်မတီမျိုး မလိုအပ်ဘူးလို့ ရခိုင်အမျိူးသားပါတီ ANP က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက သုံးသပ်လိုက်ပါတယ်၊၊ ဆန္ဒပြမှုနဲ့ ဆူပူအကြမ်းဖက် မှုတွေကို ထိန်းသိမ်းကိုင်တွယ်နိုင်ဖို့အတွက်ဆိုပြီး ဖွဲ့စည်းလိုက်တဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။