နိုင်ငံတကာကူညီမှ မုန်တိုင်းကယ်ဆယ်ရေးထိရောက်မယ်လို့ ရခိုင်ပရဟိတသမားပြော
နေရိန်ကျော်(ဝါရှင်တန်ဒီစီ)
2023.05.19
2023.05.19
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အိမ်ထောင်စုသိန်းနဲ့ချီပြီး အရေးပေါ်အကူအညီ လိုအပ်နေတဲ့အတွက် ပြည်တွင်းဆောင်ရွက်ချက်တွေနဲ့တင်မလုံလောက်နိုင်ဘဲ နိုင်ငံတကာကူညီမှရမယ်လို့ ရခိုင်ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။ မောင်တောမြို့နယ် မြောက်ပိုင်းမှာ အပျက်အစီးနည်းပြီး တောင်ပိုင်းမှာတော့ ဆိုးဆိုးရွားရွားပျက်စီးတာ တွေ့ခဲ့တယ်လို့ပြောပါတယ်။ အခုဆိုရင်ပေါက်တောမြို့နယ် ရသေ့တောင်မြို့နယ်တွေမှာ ရေသန့်ရဖို့အရေးတကြီး လိုနေသလို အမိုးအကာတွေလည်း အမြန်လိုအပ်နေတယ်လို့ ဆိုပါတယ်။
စာရေးဆရာ ဝေဟင်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။