အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်း
2016.07.16
ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ဖွဲ့စည်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။