UNFC ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတွေ့ဆုံ
2016.07.18
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ အဖွဲ့တွေက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံရာမှာ အစိုးရဘက်က ၂၁ ရာစုပင်လုံညီလာခံလို့ ခေါ်ဝေါ်သုံးစွဲတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC အဖွဲ့ဝင်တွေ ဆွေးနွေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ၂၁ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။