ဒဂုံစီးတီးဝမ်း စီမံကိန်း အကျိုးသက်ရောက်မှု မေးမြန်းချက်
2015.07.09
ရွှေတိဂုံစေတီအနီးမှာ ဆောက်လုပ်မယ့် ဒဂုံစီးတီးဝမ်း အိမ်ရာစီမံကိန်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီစီမံကိန်းမှာပါဝင်တဲ့ ကုမ္ပဏီတွေထဲမှာ နိုင်ငံတကာက အဖွဲ့အစည်းတွေလည်း ပါဝင်နေတာကြောင့် ဒါဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေကို အကျိုးသက်ရောက်မူ ဖြစ်စေမလားဆိုပြီး မေးခွန်းထုတ်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။