မဲရုံတွေမှာ မှတ်တမ်းယူခွင့်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို
2015.07.15
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခုက အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ ကျော်နဲ့ ဖွဲ့စည်း ထားတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးနဲ့ ပညာပေးမိတ်ဖက်များ အဖွဲ့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ဟာ နေပြည်တော်မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့ဝင် New Myanmar Foundation က ဒေါ်မြနန္ဒာကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။