လန်ဒန်မှာ အာရှသားတွေ ရောဂါကူးစက်မှုများနေ


2020.04.21

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ဧပြီလ ၂၁ ရက် အင်္ဂါနေ့အထိ ၂ သန်းခွဲကျော်နဲ့ သေဆုံးသူ ၁ သိန်း ၇ သောင်းကျော် ရှိသွားပါပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂ဝ ကျော်နဲ့ သေဆုံးသူက ၅ ယောက် ရှိပါတယ်။ ဒီအထဲမှာ ကျန်းမာရေးဝန်ထမ်းတချို့လည်း ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မြောက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးမြို့နယ်ထဲမှာရှိတဲ့ NHS ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆီးချိုနဲ့ အထွေထွေရောဂါ အထူးကုဆရာဝန် ဒေါက်တာ စန္ဒီဝင်းညွန့် ကို လူနာတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ အာရှသား တွေကူးစက်ခံရမှုများတဲ့ လန်ဒန်မြို့က အခြေအနေတွေကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။