ဒုက္ခသည်တွေ လက်ခံရေးအကြောင်း ဆက်သွယ်မေးမြန်းချက်
2017.12.14
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေကို လုံခြုံစိတ်ချရတဲ့နေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ အထောက်အထားအစုံအလင် မတင်ပြနိုင်ရင်လည်း လျော့ပေါ့စဉ်းစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။