သတင်းထောက် နှစ်ဦး တရားစွဲခံရမှု MPC ဒုတိယဥက္ကဌ ဦးအောင်လှထွန်းနဲ့ မေးမြန်းချက်
2017.12.14
ရိုက်တာသတင်းဌာန သတင်းထောက် ၂ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲဆိုထားတဲ့အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အကြောင်းကြားချက် တစ်စုံတစ်ရာမရရှိထားဘူးလို့ MPC ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။ အကြောင်းကြားလာခဲ့မယ်ဆိုရင်တော့ MPC အနေနဲ့ လုပ်သင့်လုပ်ထိုက်တာလုပ်သွားမယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။
MPC ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။