ရပ်/ကျေးအုပ်ချုပ်ရေးမှူးနေရာကို အာဏာတည်မြဲရေး အသုံးချနေကြတယ်လို့ဆို


2017.12.13

ရပ်/ကျေးအုပ်ချုပ်ရေးမှူးနေရာကို အာဏာတည်မြဲရေး အသုံးချနေကြတယ်လို့ဆို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကျင်းပတဲ့အခါ တချို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ စွက်ဖက်မှုတွေရှိသလို၊ လူမှုအဖွဲ့အစည်းတွေရဲ့ အသိပညာပေးလှုပ်ရှားမှုတွေလည်း ဆန့်ကျင်ခံရတာရှိနေတယ်လို့ သိရပါတယ်။ အဲဒီအပြင် တိုင်းရင်းသားဒေသတွေမှာလည်း အခက်အခဲတွေ တော်တော် များများရှိနေပြီး၊ နိုင်ငံရေးပါတီဝင်တွေရဲ့ ခြေပုန်းခုတ်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက ညှိနှိုင်းဆောင်ရွက်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။