မုန်တိုင်းပြန်လည်ထူထောင်ရေး အဖွဲ့အားလုံးနဲ့ လက်တွဲမယ်လို့ AA ပြော
မုန်တိုင်းပြန်လည်ထူထောင်ရေးအတွက် ဘယ်အဖွဲ့နဲ့မဆို လက်တွဲဆောင်ရွက်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောပါတယ်။
- 2023-05-15
-
-
-
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ဒေသမှ ပြည်သူများအား လုံခြုံမည့်နေရာသို့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ပြောင်းရွှေ့ပေးနေသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။
AA
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ ဆက်သွယ်ရေးတွေ၊ လျှပ်စစ်တွေ ပြတ်တောက်နေပြီး ဘူးသီးတောင်၊ မောင်တောဘက်တွေလည်း အဆက်အသွယ်ခက်နေပါတယ်။ တချို့နေရာတွေမှာ ရွာလုံးကျွတ်နီးပါး အိမ်တွေပျက်သွားတာရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောပါတယ်။
စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အိမ်တွေပြန်ပြင်ဖို့ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေရော၊ နိုင်ငံတကာကပါကူညီဖို့ AA က ပန်ကြားလိုက်ပါတယ်။
မုန်တိုင်းပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းအတွေ၊ စစ်ကောင်စီ၊ NUG ဘယ်အဖွဲ့နဲ့မဆို လက်တွဲဆောင်ရွက်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။