ရှမ်းစစ်ပြေးဒုက္ခသည်တွေကို ၈၈ အဖွဲ့သွားရောက်ကူညီ
2015.11.27
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါနဲ့ ဝမ့်ဝဒုက္ခသည်စခန်းတို့မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေဟာ ဝမ်းရောဂါတွေ ခံစားနေရတဲ့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဆရာဝန်တွေ၊ သူနာပြုတွေကို ခေါ်ဆောင်သွားပြီး ဆေးကုသပေးနေပါတယ်။
အဲ့ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုအောင်အောင်ကျော်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။