ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ တွေ့ဆုံမယ်
2016.07.16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ဟာ မနက်ဖြန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
မနက်ဖြန်ဆွေးနွေးပွဲအတွက် ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီက တာဝန်ရှိသူတွေ နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က တာဝန်ရှိသူတွေ ဒီနေ့ NRPC ရုံးမှာ အကြိုတွေ့ဆုံဆွေးနွေးကြပါတယ်။
အကြိုညှိနှိုင်းပွဲတက်ရောက်ခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်လင်းဦး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။