ရွေးကောက်ပွဲနဲ့ မဲမသမာမှုများ

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မသမာမှုတွေ၊ မဲလိမ်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုပြီး ပြည်တွင်းပြည်ပက ပြစ်တင်ရှုတ်ချနေတဲ့အကြောင်း တွေကို အခြေခံပြီး ဆွေးနွေးထားကြပါတယ်။

2010.12.05
usdp_election_sign_305_z.jpg ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ အရှင် ဦးပညာဇောတ၊ မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်နဲ့ အာရှလူ့အခွင့်အရေး ကော်မရှင် မြန်မာနိုင်ငံရေးရာ တာဝန်ခံ ဦးမင်းလွင်ဦးတို့ ဖြစ်ပါတယ်

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။