ရွေးကောက်ပွဲအပြီး အမေရိကန်အစိုးရသစ်နဲ့ မြန်မာ့အရေး အလားအလာ

RFA Burmese
2024.11.15

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအတွက် အမေရိကန်နိုင်ငံရဲ့ အားပေးထောက်ခံမှုက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အခုလဆန်းမှာ ကျင်းပပြီးစီးသွားတဲ့ အမေရိကန်ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲအနိုင်ရသွားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် တက်လာတဲ့အခါ မြန်မာ့အရေးအပေါ် အားပေးထောက်ခံမှု၊ လူသားချင်းစာနာမှု အကူအညီပေးရေး အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေတွေ လျော့ချ ဖြတ်တောက်ခံရမဲ့ အလားအလာနဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေအတွက် လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုတွေ ကြုံလာရနိုင်တဲ့ အကြောင်းတွေကို အခုတစ်ပတ် RFA စကားဝိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်၊ Women Advocacy Coalition Myanmar က စေ့စပ်ညှိနှိုင်းရေးမှူး ဒေါ်ခင်လေး၊ ထိုင်းအခြေစိုက် LGBT အရေး တက်ကြွလှုပ်ရှားသူ ကိုစောဇင်မောင်စိုးနဲ့ အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများအရေးဆောင်ရွက်သူ ကိုစတီဗင်စန်းယုတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။