“အမေရိကန်အစိုးရသစ် မူဝါဒတွေနဲ့ မြန်မာအရေး အကျိုးသက်ရောက်မှုများ”
2025.01.31
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က သူစပြီးတာဝန်ထမ်းဆောင်တဲ့နေ့မှာပဲ အမေရိကန်ကို ဒုက္ခသည် အခြေချခွင့်ပြုတဲ့ အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်း အထောက်အထားမဲ့ နေထိုင်သူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့တဲ့အစီအစဉ်ကိုလည်း ချက်ချင်းပဲ အကောင်အထည်ဖော်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတကာအကူအညီပေးရေး အစီအစဉ်တွေကိုလည်း ရက် ၉၀ ရပ်ဆိုင်းလိုက်ပါတယ်။ ဒီမူဝါဒနဲ့ အမိန့်ကြေညာချက်အသစ်တွေကြောင့် တခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံအရေးနဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်းတွေကို ဒီတစ်ပတ်စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးသူတွေကတော့ အမေရိကန်နိုင်ငံ နယူးရောက်မြို့အခြေစိုက် Burma Point အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုမိုးချမ်း၊ ကရင်သတင်းဌာန အယ်ဒီတာချုပ် နန်းဖော့ဂေနဲ့ နွေဦးတက္ကသိုလ် (မြန်မာ) ဥပဒေဌာနက ရှေ့နေ မသီသီဟန်တို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။