ပြည်သူတွေ သင်္ကြန်နဲ့ဝေးနေသလား

RFA Burmese
2024.04.12

ရန်ကုန်တိုင်းအတွင်းမှာ ရေကစားမဏ္ဍပ်ပေါင်း ၂၀ဝ ကျော်၊ လမ်းလျှောက်သင်္ကြန် နှစ်ခုနဲ့ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ပြုလုပ်သွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီနှစ်သင်္ကြန်ကို တကယ်ပဲ ပြည်သူတွေ ပါဝင်ဆင်နွှဲကြမလား၊ သင်္ကြန်နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့သဘောထားနဲ့ ခံစားမှုတွေ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးကြမယ့်သူတွေကတော့ ရန်ကုန်မြို့က မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးမာ၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က မကေသီနဲ့ မရမ်းကုန်းမြို့နယ်က ကိုလှမျိုးအောင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။