မြန်မာ့သမိုင်းရဲ့ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လိုအဖြေရှာကြမလဲ
2024.03.01
၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံသမိုင်းမှာ မကြုံစဖူး ဆိုးဝါးကြမ်းကြုတ်တဲ့ ဖိနှိပ်ချေမှုန်းမှုတွေ၊ လူမဆန်ရက်စက်မှုတွေပေါ်ပေါက်နေပုံနဲ့ ဒီလိုဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက ဘာကြောင့်ကျူးလွန်နေကြတာလဲ၊ ဒီပြဿနာကို ဘယ်လိုအဖြေရှာမလဲ စတဲ့ အချက်တွေကို ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ မြန်မာ့အရေးလေ့လာဆန်းစစ်သူတွေဖြစ်ကြတဲ့ ဝါရင့်နိုင်ငံရေးသမား ဦးသန်းစိုးနိုင်၊ အမျိုးသမီးမဟာမိတ်အဖွဲ့ (မြန်မာ) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်လေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းနဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်တို့ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး စီစဉ်တင်ဆက်ထားပါတယ်။