စစ်မှုထမ်းဥပဒေများရဲ့ဂယက်

2024.02.23

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဖေဖော်၀ါရီလ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဆက်တိုက်ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့တွေကနေ နှစ်စဥ်သောင်းနဲ့ချီတဲ့ လူငယ်တွေကို စစ်ထဲသွင်းဖို့ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တပ်ကနေ အငြိမ်းစားယူထားသူတွေကို ပြန်လည်စစ်မှုထမ်းခိုင်းမယ့် အရန်တပ်ဖွဲ့ဥပဒေကို လက်တွေ့အကောင်အထည်ဖော်ဖို့ “အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးဗဟိုအဖွဲ့” ကို ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

ဒီအခြေနေတွေကြောင့် လူငယ်တွေ၊ မိဘတွေအပြင် စစ်မှုထမ်းဟောင်းတချို့ပါ စိုးရိမ်ပူပန်မှုတွေ ဖြစ်ရပါတယ်။ ဒီအချိန်မှာပဲ လူငယ်တွေကို ဖမ်းတယ်၊ ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် စီးပွားရေးလုပ်ငန်းတွေပါ မတည်မငြိမ်ဖြစ်ရပါတယ်။

ခုလိုစစ်ကောင်စီက ဆောင်ရွက်တာဟာ ဘာရည်ရွယ်ချက်ကြောင့်ပါလဲ၊ ဒီဆောင်ရွက်ချက်ကြောင့် ဘာတွေဖြစ်လာနိုင်ပါသလဲ၊ လူငယ်တွေအနေနဲ့ရော ဘာတွေလုပ်ဆောင်သင့်ပါသလဲဆိုတာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုကော်မတီရဲ့ စည်းရုံးရေးမှူး မသဥ္ဇာရွှန်းလဲ့ရည်၊ CDM တပ်ကြပ်ကြီး မယဉ်လဲ့လဲ့ထွန်း၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။