“သမိုင်းဝင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်”

2022.08.26

ဒီအပတ် စကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက်နေထိုင်ခဲ့ပြီး  မြန်မာပြည်ရဲ့ ဒီမိုကရေစီသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းနဲ့ နေအိမ်ကို လေလံတင်ရောင်းချပြီး ခွဲဝေယူဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက လျှောက်ထားခဲ့တဲ့အတိုင်း ခွင့်ပြုကြောင်း ပြည်ထောင်စု တရားလွှတ်တော်က သြဂုတ်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးသုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးသူတွေက ရှေ့နေဦးကြီးမြင့်၊ မြဝတီမင်းကြီးဆရာတော် နဲ့ CDM ဗိုလ်ကြီး ညီသုတတို့ဖြစ်ပြီး RFA အဖွဲ့သား ဦးခင်မောင်စိုး ကတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။