မြန်မာပြည်သူတွေ နိုင်ငံတကာအကူအညီ ဘယ်လောက်မျှော်လင့်လို့ရမလဲ

ဒီတပတ်ဆွေးနွေးပွဲမှာတော့ စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာအကူအညီ ဘယ်လောက်မျှော်လင့်လို့ရမလဲ ဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။

အမေရိကန်နဲ့ ဥရောပတိုင်းပြည်တွေဆီကနေ မြန်မာပြည်သူတွေ မျှော်လင့်တဲ့ အတိုင်းအတာတစ်ခုကို အမြန်ဆုံးရနိုင်ချေနည်းတဲ့အတွက် ပြည်တွင်းကလှုပ်ရှားမှု ဘယ်လောက်အရှိန်အဟုန် ကောင်းမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်လို့ ပြည်ပမှာ မြန်မာ့အရေး နှစ်ပေါင်းများစွာ လုပ်နေသူတွေက သုံးသပ်ကြပါတယ်။

ပါဝင်ဆွေးနွေးကြတဲ့သူတွေကတော့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign-UK အဖွဲ့က မဝေနှင်းပွင့်သုန်နဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် US Campaign for Burma အဖွဲ့က မိုင်းရာဒါကေးဖောတို့ ဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်တင်ဆက်ထားတာ ကြည့်ရှုနားဆင်နိုင်ပါပြီ။