စစ်ကောင်စီအောက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဘယ်လိုရှိနေလဲ
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်ပဋိက္ခတွေ ပိုကျယ် ပြန့်လာပြီး အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ မတည်ငြိမ်ရ သလို၊ တိုင်းပြည်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းပါ ထိခိုက်နေပြီဖြစ်လို့ ဆန်စပါးနဲ့ အခြေခံ စားသောက်ကုန် ထုတ်လုပ်မှုပိုင်းမှာပါ အတော့်ကို ထိခိုက်နေပြီလို့ပြည်သူတွေကြားမှာ ပြောဆိုနေကြပါတယ်။
လယ်ယာလုပ်ငန်းအတွက် အဓိကကျတဲ့ သွင်းအားစုပစ္စည်းတွေဖြစ်တဲ့ မျိုးစပါး၊ ဓါတ်မြေ သြဇာ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ပိုးသတ်ဆေး စတဲ့တန်ဖိုးတွေဟာ စစ်အာဏာမသိမ်းခင်က ထက် အဆမတန်မြင့် တက်လာသလို၊ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာလဲ ကျဆင်းသွား ပါတယ်။
စစ်ပွဲတွေကြောင့် လယ်ပစ် ယာပစ်ထွက်ပြေးရတာ၊ အိမ်နီးချင်းနိုင်ငံတွေဆီအလုပ်လုပ်ဖို့ အစုလိုက် အပြုံလိုက်ကြိုးစား လာကြတာတွေလည်းဖြစ်နေပါတယ်။
လူဦးရေ ၁၂ သန်းလောက် ငတ်မွတ်ခေါင်းပါးတဲ့ဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
ဒါကြောင့် ဒီအခြေအနေနဲ့ပတ်သက်လို့အခုတပတ်စကားဝိုင်းမှာဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့ ဦးဇော်ရမ်း - တောင်သူလယ်သမား အကျိုးဆောင် ကွန်ယက်၊ ဦးစောဗန်ကူး - လယ်သမားအခွင့်အရေး ဆောင်ရွက်သူတို့ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်တင်ဆက်ထားပါတယ်။