NUG ရဲ့ ကုလသမဂ္ဂအောင်ပွဲ၊ အာဂျင်တီးနားတရားရုံးရောက်မဲ့ စစ်ကောင်စီ
မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ကုလသမဂ္ဂ ခန့်အပ်လွှာစိစစ်ရေးကော်မတီက လက်မခံဘဲ ဦးကျော်မိုးထွန်းကို ဆက်ပြီး အသိအမှတ်ပြုမှု၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လက်နက်ကုမ္ပဏီတွေ မှာ သြစတြေးလျအစိုးရ ရင်းနှီးမြှုပ်နှံငွေ ရောက်ရှိနေမှု၊ ဗဟန်းဝိသုဒ္ဓါရုံကျောင်းတိုက်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းမှု၊ မြန်မာ စစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှု စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက စစ်ဆေးမယ့်သတင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
- 2021-12-03
-
-
-
ဒီအပတ် RFA စကားဝိုင်းမှာ မြန်မာစစ်ကောင်စီ အဆိုပြုတဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂခန့်အပ်လွှာ စိစစ်ရေး ကော်မတီက လက်မခံဘဲ NUG အစိုးရခန့်အပ်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုလိုက်တဲ့သတင်း၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စစ်လက်နက်ထုတ် ကုမ္ပဏီတွေမှာ သြစတြေးလျအစိုးရ ရင်းနှီးမြှုပ်နှံတဲ့ငွေတွေ ရောက်ရှိနေမှု၊ ဗဟန်းဝိသုဒ္ဓါရုံ ကျောင်းတိုက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့မှုနဲ့ အာဂျင်တီးနား တရားရုံးမှာ စစ်ကောင်စီခေါင်းဆောင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စတင်စစ်ဆေးတော့မယ့် သတင်းတွေနဲ့ ပတ်သက်ပြီး ဝေဖန် သုံးသပ်ချက်တွေကို တင်ပြထားပါတယ်။
ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေကတော့… မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက် နေတဲ့ အရှင်မင်းသုည၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဒေါက်တာမြင့်ချိုနဲ့ ဝါရှင်တန်ဒီစီက CDM သံရုံးအတွင်းဝန် ဦးကျော်စွာထွန်း တို့ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး တင်ဆက်ထားပါတယ်။