“NUG ပြည်တွင်းမှာ ရုံးစိုက်နိုင်တော့မလား”

RFA Burmese
2025.01.17

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝန်ကြီးဌာနတွေ ပြည်တွင်းမှာ အခြေစိုက်ရုံး ဖွင့်လှစ်တော့မယ်လို့ ဒီရက်ပိုင်းမှာ သတင်းတွေ ထွက်လာပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားအပါအဝင် တခြားအကြောင်းတွေကြောင့် ပြည်တွင်းမှာ အင်အားပြန်တည်ဆောက်ဖို့ NUG ယာယီသမ္မတက ဝန်ကြီးတွေကို ၂၀၂၄ နိုဝင်ဘာလ ၂၆ ရက်နေ့က NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ NUG အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၄ ယောက် ရှိပါတယ်။ ဘယ်ဌာနတွေ အရင်ဆုံး ပြည်တွင်းမှာ ရုံးပြန်စိုက်မယ်ဆိုတာတော့ NUG ဘက်က တိတိကျကျ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

တကယ်ရော ပြည်တွင်းမှာ ရုံးစိုက်နိုင်ပါ့မလား၊ ဒီလိုရုံးထိုင်ပြီး ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ ဖော်ဆောင်နိုင်မလား။ လက်တွေ့မှာ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်မလဲ ဒီအကြောင်းတွေကို ဒီတစ်ပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်၊ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီးကောင်းသူဝင်းနဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးတို့ ပါဝင်ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။