မြန်မာ့သတင်းလွတ်လပ်ခွင့် ဘယ်အခြေဆိုက်နေပြီလဲ

2024.05.03

မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ပါ။ တစ်ကမ္ဘာလုံးက သတင်းလွတ်လပ်ခွင့်အကြောင်း ပြောဆိုဆွေးနွေးနေကြပေမဲ့ မြန်မာ့သတင်းလောကကတော့ အာဏာသိမ်းခံရပြီး သုံးနှစ်အချိန်အတွင်း အမှောင်တိုက်ထဲရောက်ခဲ့ရတယ်လို့ သတင်းလောကသားတွေက မှတ်ချက်ပြုပါတယ်။ ခုလိုအမှောင်ထဲက စမ်းတဝါးဝါးအခြေအနေမှာ သတင်းလောကကြီး ရှင်သန်အောင် ဘယ်လိုရုန်းထနေကြမလဲဆို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီရဲ့ ဥက္ကဋ္ဌ နန်းဖော့ဂေ၊ သတင်းစာပညာသင်ကျောင်းရဲ့ သင်တန်းဆရာ ဦးမြင့်ကျော်၊ ကန္တာရတီတိုင်းမ်က အကြီးတန်းသတင်းထောက် မော်ဦးမြာနဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းသမားဟောင်း ဦးအောင်သူရတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။