မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ နဲ့ ကရင်ပြည်နယ်စစ်ရေးအခြေအနေ

2024.04.19

ဒီရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်တဲ့ဒေသေတွမှာ စစ်ကောင်စီတပ်တွေရဲ့ တပ်ရင်းအလိုက် လက်နက်ချမှုတွေ၊ စခန်းသိမ်းခံရမှုတွေ ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ ကရင်ပြည်နယ်မှာလည်း အလားတူ အခြေအနေတွေပေါ်ပေါက်နေပါတယ်။ အခုနောက်ဆုံး မြဝတီမြို့မှာဆိုရင် စစ်ကောင်စီတပ်ရင်း ခလရ - ၂၇၅ က တပ်ဖွဲ့ဝင်တွေ သူတို့တပ်ရင်းကို စွန့်ခွာထွက်ပြေးပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းပါးမှာ ခိုလှုံနေတယ်လို့ သိရပါတယ်။ လက်ရှိ ကရင်ပြည်နယ်ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို ဒီတစ်ပတ်စကားဝိုင်းမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ကိုနေဘုန်းလတ်၊ CDM ဗိုလ်ကြီး ညီသုတနဲ့ တော်လှန်ရေးရဲဘော် စောဘဦးလေးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။