စစ်အာဏာရှင်လက်အောက် အမျိုးသမီးတွေဘဝ မလုံခြုံမှုများ

2024.03.08

မတ်လ ၈ ရက်နေ့ဟာ အမျိုးသမီးတွေ တန်းတူညီမျှရေးနဲ့ မတရားမှုတွေကို တော်လှန်ရာကနေ ပေါ်ပေါက်လာတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေဟာ လှုပ်ရှားမှုမျိုးစုံနဲ့ ဆင်နွှဲကြတဲ့နေ့ပါ။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာပြည်က အမျိုးသမီးတွေကတော့ ဒီလိုလှုပ်ရှားမှုတွေ၊ အခမ်းအနားတွေ မကျင်းပနိုင်ပေမဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ နည်းလမ်းမျိုးစုံနဲ့ ပါဝင်လှုပ်ရှားနေကြပါတယ်။ အာဏာရှင်ကို ဆန့်ကျင်လို့ အကျဉ်းကျနေသူတွေ၊ စစ်ရေးပဋိပက္ခတွေကြား အသက်ဆုံးရှုံးခဲ့ရသူတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရင်း အကြောက်တရားတွေ၊ မလုံခြုံမှုတွေနဲ့ နေထိုင်နေရသူတွေထဲ အမျိုးသမီးအရေအတွက်ကလည်း မနည်းပါဘူး။

စစ်အာဏာသိမ်းမှုကြောင့် အမျိုးသမီးတွေရဲ့ နေ့စဉ်ပုံမှန်ဘဝတွေမှာ ဘယ်လို ရိုက်ခတ်မှုတွေ ကြုံနေရလဲ၊ အမျိုးသမီးအခွင့်အရေးတွေ ဘယ်လိုချိုးဖောက်ခံနေရလဲ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြား စိုးရိမ်စိတ်တွေနဲ့ အမျိုးသမီးတွေ ဘယ်လိုရုန်းကန်ရပ်တည်နေကြလဲဆိုတာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) ရဲ့ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့၊ CDM ကျောင်းဆရာမ မိုင်လိုင်လာနဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မဇူးဇူးမေယွန်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။