ရခိုင်ပြည်နယ်တစ်ခုလုံး စစ်ကောင်စီလက်လွှတ်ရတော့မလား

RFA Burmese
2024.12.20

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်မှာ နယ်မြေသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ ပြည်နယ်အတွင်းက ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်အထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ပဲ ကျန်ပါတော့တယ်။

၂၀၂၅ နှစ်သစ်မှာ ရခိုင်တစ်ပြည်နယ်လုံးကို စစ်ကောင်စီလက်လွှတ်လိုက်ရတော့မလား။ AA နဲ့ ရခိုင်ပြည်သူ တွေအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့လာရနိုင်လဲ ဆိုတာကို ဒီတစ်ပတ်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ကိုဝေဟင်အောင်နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ဒုတိယဌာနမှူး မမော်ရီးရီ တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။