AA နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲဖြစ်လာနိုင်သလား

RFA Burmese
2025.01.03

ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ အာရက္ခတပ်တော် AA က ပြည်တွင်းရေး အခြေအနေတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ AA ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်မြို့ပေါင်း ၁၇ မြို့ထဲက ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ AA က ဘာကြောင့် နိုင်ငံရေးဆွေးနွေးဖို့ ပြောဆိုလာတာလဲ၊ ဆွေးနွေးပွဲကရော ဖြစ်လာမှာလား၊ နှစ်ဖက်လုံးက ဘာတွေ တောင်းဆိုနိုင်သလဲ၊ တော်လှန်ရေး ရှေ့အလားအလာကရော ဘယ်လိုရှိလာနိုင်မလဲ စတာတွေကို ဒီတစ်ပတ်စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ အမေရိကန်စစ်တပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်နဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။