စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေ တပ်ပေါင်းစုဖွဲ့နိုင်မယ့် အလားအလာ
RFA Burmese
2024.11.01
2024.11.01
အာဏာသိမ်းစစ်ကောင်စီကိုဖယ်ရှားဖို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါကြတဲ့ အင်အားစုတွေတညီတညွတ်တည်း တပ်ပေါင်းစုဖွဲ့ဖို့ လိုအပ်တယ်လို့ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်နဲ့ လက်နက်ကိုင်တော်လှန်ရေး အလားအလာတွေကို ဒီတစ်ပတ် RFA စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးသူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ နိုင်ငံရေးလေ့လာသူလဲဖြစ် တရားလွှတ်တော်ရှေ့နေလဲဖြစ်တဲ့ ဦးကြီးမြင့်နဲ့ တော်လှန်ရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အညာဒေသပစ်တိုင်းထောင်လေးများအဖွဲ့က မဖူးပွင့်ဝေတို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။