“ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လောက်ကင်းမဲ့နေလဲ”

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2024.10.11

စစ်တပ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံလိုက်ရပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထောင်တွင်းမှာ ဆေးဝါးအလုံအလောက် မရရှိတာ၊ အချိန်မီ ဆေးကုသခွင့် မရခဲ့တာတွေကြောင့် ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရတာကြောင့် ဒီနှစ်အတွင်း ဒေါက်တာဇော်မြင့်မောင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၃ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ စစ်အာဏာရှင်လက်ထက် အကျဉ်းဦးစီးဌာန ထိန်းချုပ်မှုအောက်မှာ အကျဉ်းသူ၊ အကျဉ်းသားတွေ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အခြေအနေတွေကို ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် (NLD ပါတီ) က ဦးဘိုဘိုဦး၊ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်စန္ဒာသွင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးတို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။