ရေဘေးဘယ်လောက်ထိ ဆိုးရွားနိုင်သလဲ
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို အခံရနိုင်ဆုံး နိုင်ငံတွေထဲမှာ မြန်မာက ထိပ်တန်းစာရင်းဝင် ဖြစ်နေတယ်ဆိုပြီး ကမ္ဘာ့ပညာရှင်တွေက ၂၀၂၁ ခုနှစ်ထဲက သတိပေးထားကြပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တဲ့ သဘာဝဘေးတွေထဲမှာ ရေဘေးက အဆိုးဆုံးဖြစ်သလို မြန်မာနိုင်ငံကလည်း ရေဘေးဒဏ် အများဆုံးခံရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၄ ဇူလိုင် ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ သုံးလအတွင်း မြန်မာနိုင်ငံက လူဦးရေ ၅.၇ သန်း ရေဘေးဒဏ်ခံခဲ့ရတယ်လို့ ISP Myanmar ရဲ့ စာရင်းတွေက ဆိုပါတယ်။ ရေဘေးနဲ့ပတ်သက်လို့ နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေဖြစ်မလဲ။ ဘာတွေပြင်ဆင်ထားရမလဲ။ ဒီတစ်ပတ်မှာ ဆွေးနွေးကြမှာပါ။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အရပ်ဘက်မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်၊ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး မနှင်းနှင်းမွှေးနဲ့ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက် တာဝန်ခံ ဦးဇော်ရမ်း တို့ပဲ ဖြစ်ပါတယ်။