စစ်မှုထမ်းဥပဒေဆိုးကျိုး ခံစားရတဲ့ မြန်မာလူငယ်တွေရဲ့ စကားသံ
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံပြင်ပကို နည်းလမ်းမျိုးစုံနဲ့ ရောက်သွားကြတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလို ပြည်ပနိုင်ငံတွေနဲ့ လွတ်မြောက်နယ်မြေတွေဆီ မရောက်နိုင်ကြတဲ့ လူငယ်တွေမှာလည်း နေ့စဉ် စိုးရိမ်ထိတ်လန့်နေရပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် အနာဂတ်အိပ်မက်တွေ ပျောက်ဆုံးသွားရတဲ့ လူငယ်တွေဟာ စစ်မှုထမ်းဥပဒေကြောင့် တိုင်းပြည်ကိုပါ စွန့်ခွာသွားရသလို လူငယ်တွေရဲ့ စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးလိုက်ရတဲ့ မြန်မာပြည် အနာဂတ်အကြောင်း ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးကြမယ့်သူတွေကတော့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ ကိုဆလိုင်းထန်း၊ ထိုင်းနိုင်ငံကို ရောက်နေတဲ့ ကိုမင်းလတ်၊ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)ရဲ့ ပြောရေးဆိုခွင့်ရှိသူ မခရစ္စတင်းနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မရွှေသိင်္ဂီတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။