စစ်မှုထမ်းဥပဒေနဲ့ ပြည်သူတွေရဲ့ဒုက္ခဆင်းရဲ

2024.03.22

စစ်ကောင်စီက လူငယ်တွေ စစ်မှုမထမ်းမနေရ ဥပဒေကို ကျင့်သုံးတော့မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူတွေ နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ နိုင်ငံတစ်ဝန်း စစ်သားစုဆောင်းတဲ့ကိစ္စတွေ လက်တွေ့လုပ်ဆောင်လာခဲ့တာကြောင့် မိဘပြည်သူတွေ စိုးရိမ်စိတ်မြင့်တက်လာပြီး ဒုက္ခဆင်းရဲတွေ ခံစားနေကြရပါတယ်။ စစ်မှုထမ်းဖို့ လက်ရှိစုဆောင်းနေမှုနဲ့ ရှေ့ဆက်ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဧရာဝတီတိုင်းက မိဘတစ်ဦးဖြစ်တဲ့ ဒေါ်ချိုမာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားဟောင်း ကိုမင်းသွေးသစ်၊ တော်ဝင်ဒေါင်းစစ်ကြောင်း အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်နဲ့ 96 Soldiers PDF အညာဒေသတပ်ခွဲက မဖူးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။